Google Chrome Browser တွင် Myanmar Unicode® နှင့် Zawgyi ၂ခု စလုံးမြင်ရန် လုပ်ဆောင်နည်း

Google Chrome Browser တွင် Myanmar Unicode နှင့် Zawgyi ပါ ဖတ်လို့ရအောင် လုပ်ခြင်း

ကြိုဆိုပါတယ်။ Google Chrome Brower တွင် Myanmar Unicode® အသုံးပြု font များဖြင့် ရေးသောစာများ နှင့် Zawgyi-One အသုံးပြု ရေးသောစာများကို ၂မျိုးစလုံး ဖတ်လို့ရနိုင်စေရန်Myanmar Font Tagger ဆိုသော Chrome Extension တစ်ခုထည့်သွင်း အသုံးပြုပုံကို တင်ပြပေးသွားပါမည်။

  • Myanmar Font Tagger သွင်းယူရန် Chrome ၏ Webstore သို့သွားပါ။ ဒီလင့်ခ် ကို Ctrl Key ဖြင့် ဖိပြီး Click တစ်ချက်နှိပ်ပြီး Chrome Web Store သို့သွားပါ။ ပြသထားသော အနီရောင် အကွက်တွင် Myanmar Font Tagger ဟု ရိုက်ပြီး Enter Key ကို နှိပ်ပြီးရှာပါ။

1.png

  • Myanmar Font Tagger တွေ့ရှိပါက +FREE ဆိုသော button ကို နှိပ်ပါ CHECKING… ဟုဆိုလျှင် ခဏစောင့်ပါ။ မိမိ၏ Google account ဖြင့် login ဝင်ထားရမည်ဖြစ်သည်။ပုံတွင်ကြည့်ပါ။

2.png

  • Myanmar Font Tagger သွင်းခြင်းကို အတည်ပြုရန် ပုံတွင်ပြထားသည့်အတိုင်း Confirm dialog box ပေါ်လာပါက Add button ကို နှိပ်ပြီးသွင်းယူပါ။

3.png

  • Myanmar Font Tagger Extension သွင်းပြီးလျှင် Chrome Browser တွင် ယခင်က Zawgyi-One ကို အသုံးပြုထားပါက Font များကို ပြန်လည်ချိန်ညှိပါ။ Font များကို ချိန်ညှိရန် အောက်တွင် ပြထားသော ပုံကိုကြည့်ပြီး လုပ်ဆောင်ပါ။

4.png

  • အောက်တွင် ပြထားသော ပုံအတိုင်း font များကို ပြောင်းလဲ ပြင်ဆင်ပါ။ ယခုပြသထားသော font များကို Zawgyi-One မှ လွဲပြီး မိမိကြိုက်နှစ်သက်သော font များကို သက်ဆိုင်ရာ အလိုက် ထည့်သွင်း အသုံးပြုနိုင်ပါသည်။

5.png

ဤကဲ့သို့လုပ်ဆောင်ပြီးပါက Google Chrome တွင် Myanmar Font Tagger အသုံးပြုပြီး Myanmar Unicode® အသုံးပြုပြီး ရေးသားထားသော စာများရော Zawgyi-One အသုံးပြုပြီး ရေးသားထားသော စားများကို ရော ကောင်းမွန်စွာ ဖတ်နိုင်ပါပြီ။

မှတ်ချက်။ ။ Mobile Phone အတွက် Google Chrome သည် လက်ရှိတွင် မည်သည့် App, Extension, Addon များကို ထောက်ပံ့ခြင်းများ မရှိသည့်အတွက် Phone တွင် အသုံးပြုလို့မရနိုင်ပါ။

Unless otherwise stated, the content of this page is licensed under Creative Commons Attribution-ShareAlike 3.0 License