ZUZ Google Chrome App

မင်္ဂလာပါ

ZUZ Google Chrome App ထည့်သွင်းခြင်းမှ ကြိုဆိုပါတယ်။ ဒီ Chrome App လေးကတော့ Zawgyi font အသုံးပြုပြီး ရိုက်ထားတဲ့ စာသားများပဲဖြစ်ဖြစ်၊ မြန်မာ ယူနီကုဒ် စနစ်ကို အခြေခံပြီးရိုက်ထားသော စာသားများပဲဖြစ်ဖြစ် နှစ်မျိုးထဲ တစ်မျိုးမျိုးနဲ့ ရိုက်ထားသော စာသားများကို တစ်ခုမှ တစ်ခုသို့ ပြောင်းလဲ ဖော်ပြေပေးတဲ့ Google Chrome browser အခြေပြု App ပဲ ဖြစ်ပါတယ်။ ဥပမာ Zawgyi စာရိုက်စနစ် ကို အသုံးပြုထားသည့် စာသားများကို ဤ App ၏ သက်ဆိုင်ရာ Zawgyi Textbox ထဲသို့ စာသားများ ကူးထည့်ပြီး To Unicode ကိုနှိပ်လိုက်လျှင် မြန်မာ ယူနီကုဒ်စနစ်ကို ပြောင်းလဲပြီး ဖော်ပြသွားမှာပဲဖြစ်ပါတယ်။
အင်တာနက်ရှိစရာမလိုဘဲ သုံးနိုင်အောင် စီစဉ်ထားပါတယ်။ ရေးသားသူများကတော့ ကိုပိုင်ဟိန်းသူ နှင့် ကိုငြိမ်းချမ်းတို့ပဲ ဖြစ်ပါတယ်။ ဤ Chrome App ကို ကိုငွေထွန်း၏ Paragu Converter ကို အခြေခံ၍ ဖန်တီးထားခြင်းဖြစ်ပြီး မြန်မာ အိုင်တီပရိုတွင်သုံးထားသည့်အတိုင်း ပြန်လည်ယူသုံးထားခြင်းဖြစ်ပါသည်။
Mr.DBA Info Unicode® Converter မှယူပြီး ပြန်လည် ရေးသားထားပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက ကျွန်တော်တို့ ဖေ့ဘုတ်ဂရု ထဲမှာ မေးလို့ရပါတယ်။
ကိုပိုင်ဟိန်းသူ moc.liamg|nieh.ihkrana#moc.liamg|nieh.ihkrana ၊ ကိုငြိမ်းချမ်း moc.liamg|boj.nahcnieyn#moc.liamg|boj.nahcnieyn တို့ဆီသို့လည်း ဆက်သွယ်မေးမြန်နိုင်ပါတယ်။

ထည်သွင်းရန် လမ်းညွှန်မှုများ

  • ZUZ Chrome App ကို version 1.0 version 2.0 ရယူပါ။
  • ရယူပြီးသော ဖိုင်ကို ပုံတွင်ပြသထားသည့်အတိုင်းလုပ်ဆောင်ပါ။
installzUz.png
  • အသုံးပြုရန် အတွက် ပုံတွင်ပြသထားသည့်အတိုင်း ရှာကြည့်ပါ။
zuzChromeapp.png
  • ZUZ ကိုနှိပ်လိုက်ပါက ယခုကဲ့သို့မြင်ရပြီး အသုံးပြုနိုင်ပါပြီ။
zuz.png
Unless otherwise stated, the content of this page is licensed under Creative Commons Attribution-ShareAlike 3.0 License