Mozilla Firefox တွင် Myanmar Unicode နှင့် Zawgyi အသုံးပြုစာများ ဖတ်လို့ရအောင် လုပ်နည်း

Mozilla Firefox တွင် Myanmar Unicode နှင့် Zawgyi အသုံးပြု စာများကို ဖတ်နိုင်ရန် လုပ်ဆောင်ခြင်း

ကြိုဆိုပါတယ် ။ Firefox Browser တွင် Myanmar Unicode နှင့် Zawgyi အသုံးပြုစာများကို တစ်ပြိုင်နက် ဖတ်နိုင်ရန် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးသွားပါမယ်။ Firefox Browser တွင် ထိုသို့ ဖတ်နိုင်ရန် Firefox Addon ဖြစ်သော Myanmar Font Tagger နှင့် Tagu ဆိုပြီး Developer များက ရေးသားပေးထားခဲ့ကြပါတယ်။ ယခု လုပ်ဆောင်ချက်များသည် Add on များကို အင်တာနက်ပေါ်မှ ရယူရမည် ဖြစ်သောကြောင့် အင်တာနက်ရှိရန် လိုအပ်ပါသည်။

  • ပထမဦးစွာ Firefox တွင် ချိန်ညှိထားသော font များကို အနည်းငယ် ပြင်ဆင်ပါမည်။ ထိုသို့ ပြင်ဆင်ရန်အတွက် Tool> Option မှ နေ၍လည်းကောင်း၊ ပုံတွင်ပြထားသည့်အတိုင်း အသုံးပြုခြင်းဖြင့်လည်း ကောင်း Option သို့သွားရောက်ပါ။ ထိုသို့ သွားရောက်ပြီး Content ကို နှိပ်ပါ။ ပုံတွင်ပြထားသည့်အတိုင်း Font များကို ပြောင်းလဲ ပြင်ဆင်ပါ။

F1.png

  • Font များ ပြောင်းလဲ ပြင်ဆင်ပြီးပါက New Tab အသစ်ခေါ်ယူပြီး ပုံတွင်ပြသထားသည့်အတိုင်း Search box တွင် Myanmar Font Tagger Firefox Add on ဟုထည့်သွင်းပြီး Enter Key ကို နှိပ်၍ရှာပါ။ ပုံတွင် ပြထားသည့်အတိုင်း Google မှ ရှာဖွေ၍ရရှိလာသော ရလဒ်များထဲမှ ပြသထားသော website link ကို Click နှိပ်ပြီး သွားပါ။

F2.png

  • ပုံတွင်ပြထားသည့် နေရာတွင် Download ဟုဆိုပါက ခဏစောင့်ပြီး +Add To Firefox ဟု မြင်တွေ့ရပါက Myanmar Font Tagger Add on ကို သွင်းယူရန် ထို button ကို နှိပ်ပါ။

F3.png

  • Add on အား အင်တာနက်မှဆွဲယူနေမှုကို ပုံတွင်ပြထားသည့်အတိုင်း တွေ့မြင်ရမည်ဖြစ်ပြီး ပြီးဆုံးပါက သွင်းယူဖို့ အတည်ပြုရန် Windows လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ ထိုအခါ Install button လင်းလာပါက သွင်းယူဖို့အတွက် နှိပ်လိုက်ပါ။

F4.png

  • Installation ပြီးသွားရင် Firefox ကို ပိတ်ပြီးပြန်ဖွင့်ဖို့အတွက် ပုံတွင်ပြထားသလို မြင်တွေ့လျှင် Restart Now ကို နှိပ်ပါ

F5.png

Unless otherwise stated, the content of this page is licensed under Creative Commons Attribution-ShareAlike 3.0 License