Windows8 တွင် Myanmar Unicode® ထည့်သွင်း အသုံးပြုနည်း

မင်္ဂလာပါ
Windows 8 နှင့် အထက်တွင် Myanmar Unicode အသုံးပြုရန်အတွက် လုပ်ဆောင်ရမည့် အချက်များကို အဆင့်ဆင့် ဖော်ပြသွားမှာဖြစ်ပါသည်။ ဤစာမျက်နှာတွင် Myanmar Unicode အသုံးပြုရန်အတွက် Font Installation (စာလုံးသွင်းယူမှု) နှင့် Keyboard Installation (လက်ကွက်သွင်းယူမှု)ဆိုပြီး အပိုင်း ၂ပိုင်းကို ဖော်ပြထားပါသည်။ Windows 8 နှင့်အထက်တွင် မြန်မာစာလုံးနှင့် စာရိုက်ရန် မြန်မာ Keyboard လက်ကွက်များ တစ်ပါတည်း ပါဝင်လာသောကြောင့် ယခု စာမျက်နှာတွင် နဂိုပါဝင်လာသော မြန်မာစာလုံးနှင့် မြန်မာ Keyboard လက်ကွက်များကို အသုံးပြုနည်းကို ဖော်ပြပေးသွားပါမည်။

  • Run Dialog box ကိုခေါ်ယူရန် ကွန်ပျူတာ ကီးဘုတ် မှ Windows Logo ပုံနှင့် 'r' key ကို တွဲနှိပ်ပါ။

winkeyR.png

  • Run Dialog box ပေါ်လာပါက "fonts" ကိုရိုက်ပြီး OK button ကို မောက်စ် ဖြင့် ကလစ်တစ်ချက်နှိပ်ပါ သို့မဟုတ် ကီးဘုတ်မှ Enter Key ကို နှိပ်ပါ။

RunFonts.png

  • Fonts Windows ပေါ်လာပါ Search box တွင် "Myanmar Text" ဟုရိုက်ထည့်ပြီးရှာပါ။ ပုံတွင်ကြည့်ရှုပါ။

MyanmarTextFont.png

Myanmar Text စာလုံးသည် Windows 8 နှင့် အထက်တွင် တစ်ပါတည်း ပါဝင်လာပြီး Microsoft မှ ထုတ်လုပ်ထားသည့် font ဖြစ်ပါသည်။ ထို့ font ကို အသုံးပြုပြီး Microsoft Words, Microsoft Excel, … အစရှိသည့် Office Application များတွင် အသုံးပြုနိုင်ပါသည်။ Myanmar Text ကိုအသုံးမပြုဘဲ မိမိကြိုက်နှစ်သက်သော Unicode® စံနှုန်းကို လိုက်နာထားသော font ကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မိမိကြိုက်နှစ်သက်သော font ကိုသွင်းယူခြင်းကို ထပ်မံ တင်ပြပေးသွားပါမည်။

  • ယခု မိမိကြိုက်နှစ်သက်သော font သွင်းယူခြင်း တွင် Myanmar3.ttf font ထည့်သွင်းခြင်းကို နမူနာထား၍ တင်ပြပေးသွားပါမည်။ Myanmar3 font ကို ဒီမှာရယူပါ။
  • Myanmar3.ttf ကိုရယူပြီးလျှင် ထိုဖိုင်ကို ပထမဦးစွာ Left Click ဖြင့် တစ်ချက်နှိပ်၍ ရွေးချယ်ပါ။ ထို့နောက် ၎င်း ဖိုင် အမည်ပေါ်တွင် Right Click ထပ်မံနှိပ်ပါ။ ထိုသို့နှိပ်လိုက်ပါက နောက် Menu Dialog တစ်ခု ပေါ်လာပါလိမ့်မည်။ ထို Menu Item ထဲမှ Install ကို Left Click ဖြင့် နှိပ်ပါ။ Myanmar3.ttf သည် မိမိစက်တွင် သွင်းထားပြီးသား ရှိနှင့်နေပါက Font သည် သွင်းထားပြီးသားဖြစ်၍ လဲလှယ်မည်လား ဟု အဓိပ္ပာယ်ရသော Dialog box တစ်ခုမြင်ရပါလိမ့်မည်။ ထိုအခါ Yes button ကို နှိပ်ပေးပါ။ Font သွင်းယူမှု ပြီးစီးသွားပါက Install Font Dialog အလိုအလျောက်ပျောက်သွားပါလိမ့်မည်။ ပုံတွင်ကြည့်ပါ။

install%20Font.png

အထက်တွင် ဖော်ပြထားသည့်အတိုင်းလုပ်ဆောင်ပြီးစီးပါက မြန်မာ ယူနီကုဒ် keyboard လက်ကွက်ကို အသုံးပြုရန် တင်ပြပေးသွားပါမည်။ သို့မှသာ စာများကို ရေးသားနိုင်မည်ဖြစ်ပါသည်။

  • Control Panel သို့သွားရန် File Explorer တစ်ခုကို ဖွင့်ပါ။ File Explorer တစ်ခုဖွင့်ရန် Windows Key ကို ဖိ၍ E Key ကို နှိပ်ပါ။ သို့မဟုတ် My Computer ကို မောက်စ်ဖြင့် Double Click နှိပ်၍လည်း ဖွင့်နိုင်ပါသည်။ File Explorer ပွင့်လာပါက Control Panel သို့သွားရန် ပုံတွင်ပြထားသည့်အတိုင်း လုပ်ဆောင်ပါ။

goToControl.png

  • Control Panel သို့ ရောက်လျှင် Language ကိုရှာပါ။ ပုံတွင် ပြထားသည့်အတိုင်းမတူညီပါက View by: ၏ Category နေရာတွင် Click ဖြင့် နှိပ်ပြီး Large icon ကို ရွေးချယ်ပါ။ ထို့နောက် Language ကို Click တစ်ချက်ဖြင့် ဝင်ရောက်ပါ။ ပုံတွင်ကြည့်ရှုပါ။

goToLanguage.png

  • မြန်မာ လက်ကွက် အသစ်ထည့်သွင်းရန်အတွက် ပုံတွင်ပြထားသည့်အတိုင်း Add a language ကို နှိပ်ပါ။ ပုံတွင် ကြည့်ရှုပါ။

toAddNewKeyboard.png

  • Search box တွင် "Burmese" ဟုရိုက်၍ ရှာပါ။ ပုံတွင် ပြထားသည့်အတိုင်း "မြန်မာစာ Burmese" ဟုပေါ်လာပါက ထို "မြန်မာစာ" ဆိုသည်ကို Click နှိပ်ပြီး Add button ကို နှိပ်ပါ။ ပုံတွင် ကြည့်ရှုပါ။

addBurmese.png

  • ထိုသို့ ပြုလုပ်ပြီးပါက ယခုပြသထားသော ပုံအတိုင်းမြင်ရပါက မြန်မာ ယူနီကုဒ် လက်ကွက် အသုံးပြုရန် အဆင်သင့် ဖြစ်နေပါပြီ။ Language windows ကို Close button နှိပ်ပြီးထွက်နိုင်ပါပြီ။ ပုံတွင်ကြည့်ပါ။

addSuccessful.png

  • မြန်မာ ယူနီကုဒ် လက်ကွက် ထည့်သွင်းပြီးပါက ထို လက်ကွက်ဖြင့်စာရိုက်ရန် Windows Key နှင့် Spacebar ကို အသုံးပြုပါ။ အသုံးပြုနည်းမှာ Windows Key ကို ဖိထားပြီး Space bar ကို တစ်ချက်နှိပ်ခြင်းဖြင့် မိမိသွင်းထားသော Keyboard Language များကို ပြောင်လဲပြီး အသုံးပြုနိုင်ပါသည်။ ပုံတွင် ကြည့်ပါ။

checkKeyboard.png

အထက်ပါ အချက် ၃ချက်ကို အောင်မြင်စွာပြီးစီးပါက Windows 8 နှင့် အထက် အသုံးပြုထားသော ကွန်ပျူတာများတွင် မြန်မာ ယူနီကုဒ် အသုံးပြုပြီး စာများ ရေးသားခြင်း ဖတ်ရှုခြင်းများ လုပ်ဆောင်နိုင်ပါပြီ။

Unless otherwise stated, the content of this page is licensed under Creative Commons Attribution-ShareAlike 3.0 License